Final Round

(69)in#hive-122133
Reblog

နက်ဖြန် မနက် ၂ နာရီခွဲချိန်မှာတော့ UCL အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ ပွဲစဉ် အားလုံးကို တချိန်ထဲ တပြိုက်နက်ထဲ ကစားမည် ဖြစ်၏။ အဆင့် ၁-၈ အထိ အသင်းတွေက Round of 16 ကို တိုက်ရိုက်ကစားခွင့် ရမည် ဖြစ်ပြီး အဆင့် ၉-၂၄ အထိ အသင်းတွေကတော့ play off ကစားကြရမည် ဖြစ်၏။ ဆိုရရင် ၁-၂၄ အသင်းတွေက နောက်တဆင့် အတွက် သေချာမယ့် သဘော ဖြစ်၏။ ၂၄ အောက်က အသင်းတွေကတော့ နှုတ်ဆက် ထွက်ခွာကြရပေလိမ့်မည်။

အဆင့် ၂၄ မဝင်ပေမဲ့ အမှတ်အားဖြင့် သိပ်မကွာနေသည့် အသင်းတွေအဖို့ အုပ်စု နောက်ဆုံးပွဲစဉ်တွေက အဆုံးအဖြတ် ပေးမည် ဖြစ်၏။ Play off နေရာ အတွက် ရမှတ် ၁၀ မှတ်အောက် အသင်းတွေအဖို့ စိတ်ချထားလို့ မရသေးပေ။ ၁၁ မှတ် မရထားသေးသည့် အသင်းတွေအဖို့ မိမိ ဝင်ခွင့်အား အခြား အသင်းများ ရယူသွားနိုင်နေသေး၏။

အဆင့် ၈ က Chelsea နှင့် အဆင့် ၂၅ က Napoli အသင်းတို့ တွေ့ဆုံမှုက စိတ်လှုပ်ရှားဖို့ ကောင်းနေ၏။ Chelsea အဖို့ ဒီပွဲနိုင်ရင် တိုက်ရိုက် ကစားခွင့် ရမည် ဖြစ်ပြီး အကယ်၍ ရှုံးနိမ့်ခဲ့ရင် play off ကနေ ကစားရမှာ ဖြစ်ပေမဲ့ Napoli အနေဖြင့်က ယခုပွဲစဉ်ကို အနိုင်ရပါမှ play off အတွက် သေချာမည် ဖြစ်၏။ သရေ ရှိရင်တောင် အခြားအသင်းတွေ၏ ရလဒ် အခြေအနေကို စောင့်ကြည့်နေရဦးမည် ဖြစ်၏။ အိမ်ကွင်းဆိုတော့ Napoli တို့ အနေဖြင့် တခုခုတော့ လုပ်ပြနိုင်ကောင်းပါ၏။

အဆင့် ၂၄ က Olympiacos နှင့် အဆင့် ၃၂ က Ajax အသင်းတို့၏ တွေ့ဆုံနေမှုကလည်း စိတ်ဝင်စားဖို့ ကောင်းနေ၏။ အဆင့် ကွာဟ နေပေမဲ့ အမှတ်က သိပ်မကွာပေ။ Olympiacos က ၈ မှတ်၊ Ajax က ၆ မှတ် ဖြစ်၏။ ခု ကစားရမှာက Ajax အိမ်ကွင်းဆိုတော့ Ajax အတွက် အခွင့်အရေးရှိနေပါသေး၏။ နို့ပေမဲ့ အမှတ်တူပြီး ဂိုးကွာခြားချက်အရ ကိုယ့် အထက်မှာ ရှိနေသည့် အသင်းတွေကြောင့် အဆိုပါ အခွင့်အရေးက အနည်းငယ်တော့ မှေးမှိန် နေခဲ့၏။

အဆင့် ၁ က ဆင်ပျံကြီး အနေဖြင့် အဆင့် ၃၆ က Kairat Almaty အသင်းနဲ့ အိမ်ကွင်းမှာ အုပ်စု နောက်ဆုံးပွဲ ကစားရမည် ဖြစ်၏။ ရှုံးပွဲ မရှိ ရာနှုန်းပြည့် အနိုင်ရသည့် စံချိန်ဖြင့် Round of 16 ကို တိုက်ရိုက် တက်ရောက်သွားဖို့ များနေခဲ့၏။ Arsenal ပရိတ်သတ်တွေကလည်း ထိုအချက်ကိုပဲ ဝေဖန် ထောက်ပြနေခြင်း ဖြစ်၏။ Arsenal အနေဖြင့် ယခင်တပတ် Inter Milan နှင့် ပွဲစဉ်ကိုသာ အနိုင်ရယူဖို့ မမှန်းပဲ လူချန် ကစားခဲ့ရင် Man United နှင့် EPL ပွဲစဉ်မှာ တမျိုးတမည် လုပ်ပြ နိုင်မယ်ပေါ့။ ခုတော့ ပွဲပန်းပြီး စွမ်းဆောင်ရည် အပြည့် မရတော့ဘူး ဆိုပြီး ပြောဆိုနေကြ၏။ မည်သို့ပင် ဆိုစေ ဆင်ပျံကြီးတို့က EPL မှာကော UCL မှာပါ အဆင့် ၁ နေရာကို ရယူထားနေဆဲပင် ဖြစ်၏။

(photos from UCL page)

·inHIVE-MYANMAR·by
(69)
$0.68
||